International News

၂၀၂၀၊ ဒုတိယသုံးလပတ်တွင် ဘယ်လ်ဂျီယံနိုင်ငံ၏ ဂျီဒီပီ ၁၂ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့

Last Updated:

၂၀၂၀ ပြည့်နှစ်၏ ပထမသုံးလပတ်ကာလနှင့်နှိုင်းယှဉ်ချက်အရ ဒုတိယသုံးလပတ်တွင် ဘယ်လ်ဂျီယံနိုင်ငံ၏ ဂျီဒီပီမှာ ၁၂ ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း ဘယ်လ်ဂျီယံအမျိုးသား ဘဏ်(National Bank of Belgium) ကပြောကြားသည်။   ပြီးခဲ့သည့် ဇူလိုင်လကုန်တွင် ခန့်မှန်းချက် များ အရ ဘယ်လ်ဂျီယံနိုင်ငံ၏ ဂျီဒီပီမှာ (-၁၂ ဒသမ ၂) ရာခိုင်နှုန်းကျဆင်းမည်ဟုခန့်မှန်းခဲ့ပြီး၊ အဓိကအားဖြင့် ကိုရိုနာဗိုင်းရပ်စ် အကျပ်အတည်း ၏ရိုက်ခတ်မှုကြောင့် ဂျီဒီပီ ကျဆင်းခဲ့ခြင်းဖြစ်သည် ဟု ဘယ်လ်ဂျီယံအမျိုးသားဘဏ်အရ သိရသည်။ 

ထို့ပြင် နိုင်ငံတကာကုန်သွယ်မှုတွင် သိသိသာသာကျဆင်းမှုများနှင့်အတူ ဘယ်လ်ဂျီယံနိုင်ငံ၏ ပို့ကုန်/သွင်းကုန်အပိုင်းတွင်လည်း ကျဆင်းမှု ဖြစ်ပေါ်ခဲ့ကြောင်း၊ သွင်းကုန်တွင် (-၁၃ ဒသမ ၉) ရာခိုင်နှုန်းနှင့် ပို့ကုန်တွင် (-၁၃ ဒသမ ၃) ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ ကုန်စည်နှင့်ဝန်ဆောင်မှုများ အသားတင် တင်ပို့မှုသည် ဂျီဒီပီအပြောင်းအလဲအပေါ်  (၀ ဒသမ ၄) ရာခိုင်နှုန်းဖြင့် သက်ရောက်မှု ရှိခဲ့ကြောင်းသိရသည်။ ယခင်သုံးလပတ်နှင့် နှိုင်းယှဉ်ချက်အရ အလုပ်အကိုင်ရရှိမှုတွင်လည်း ၀ ဒသမ ၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး၊ ယခင်နှစ်၏ ဒုတိယသုံးလပတ်နှင့်နှိုင်းယှဉ်ပါက ၀ ဒသမ ၃ ရာခိုင် နှုန်းကျဆင်းခဲ့ကြောင်း၊ ပထမသုံးလပတ်ကာလတွင် ဘယ်လ်ဂျီယံနိုင်ငံ၏ ဂျီဒီပီမှာ ယခင်သုံးလပတ် နှင့်နှိုင်းယှဉ်ပါက ၃ ဒသမ ၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း သိရသည်။

(မြန်မာစီးပွားရေးသံမှူး၊ ဘရပ်ဆဲလ်)

ရင်းမြစ် -  (ဘရပ်ဆဲလ်တိုင်းမ်)

Category: International News